Posts

အားကစားကမ္ဘာ့ရဲ့ ဩဇာအလွှမ်းမိုးနိုင်ဆုံး၊ လူရှာအများဆုံး စီရိုနယ်ဒို

Image
 အားကစားကမ္ဘာ့ရဲ့ ဩဇာအလွှမ်းမိုးနိုင်ဆုံး၊ လူရှာအများဆုံး စီရိုနယ်ဒို ======================================= betting,com ကတော့ ဘောလုံးသမိုင်းမှာ ဘယ်သူအတော်ဆုံးလဲဆိုတာထက် ဘယ်သူလူကြိုက်ပိုများလဲ ဆိုတဲ့ အဖြေကို ထုတ်ပေးလိုက်ပုံရတယ်။ ဘောလုံးရယ်တင်မှမဟုတ်ပါဘူး။ အားကစားနယ်ပယ်အားလုံးက လူကြိုက်အများဆုံး၊ လူရှာအများဆုံး၊ ဩဇာအလွှမ်းမိုးဆုံးဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာပါ ထည့်ပြီး ကောက် ချက်ချလိုက်တာပါ။ အင်တာနက်မှာ တစ်လပျမ်းမျှ လူတွေရှာကြည့်မှုအများဆုံး အားကစားသမားစာရင်းကို အချက်အလက် စာရင်းကောက်တင်ပြလိုက်တာကတော့ ပုံမှာ ပြထားတဲ့အတိုင်းပါပဲ။ ခရက်ဒစ် နှင်းမိုးခ

မိုဆာလက်ကိုရီးရဲလ်ကကောက်စားတော့မှာလား

Image
 တစ်ပတ်လစာ ပေါင် လေးသိန်းမပေးနိုင်ရင်တော့ ဆာလက်ချ်ကို ရီးယဲလ်က ကောက်စားသွားမှာပဲ ========================================== မာနေးလိုကစားသမားမျိုးကို ပေါင် ၃၅ သန်းနဲ့ ဘိုင်ယန်ထံ ရောင်းလိုက်ရတာကလည်း စာချုပ် တစ်နှစ်သာကျန်တော့လို့ပဲ။ ခုလည်း အသင်းမှာ လစာအများဆုံးရနေတဲ့ ဗန်ဒိုက်ရဲ့ တစ်ပတ်လစာ ပေါင် ၂၄၀၀၀၀ ထက် လျော့နည်းရရှိနေပြီး စာချုပ်တစ်နှစ်ပဲ ကျန်တော့တဲ့ မိုဆာလက်ချ်ဟာ လီဗာပူးရဲ့ စာချုပ်သက်တမ်းတိုးဖို့ကို လက်မခံသေးပါဘူး။ အသက် ၃၀ အရွယ်ကစားသမားတစ်ယောက် ချယ်လ်ဆီးကနေ အပယ်ခံဖြစ်ပြီး အီတလီမှာ ထွန်းတောက်လာရာက လီဗာပူးကိုရောက်တော့ သူ့ကစားသမား ဘ၀မှာသာမက ကမ္ဘာ့ဘောလုံးလောကတစ်ခုလုံးမှာပါ အကောင်းဆုံးသော ကစားသမားတစ်ဦးဖြစ်လာတဲ့အချိန် ဆာလက်ချ် တိုးတောင်းတဲ့ လစာက တစ်ပတ်ပေါင် ၄၀၀၀၀၀ တဲ့။  တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ထပ်ရောက်လာပြီး ဂျိုတာ၊ ဖာမင်နိုတို့ ကျန်ရှိနေသေး တာကြောင့် လီဗာပူးဟာ ဆာလက်ချ်တိုးတောင်းတဲ့ လစာကို မပေးလိုတဲ့ အခြေအနေမှာ ပေါင်သန်း ၆၀ လောက်ရရင် ရောင်းထုတ်တော့မယ်လို့ သတင်း တွေ အခိုင်အမာထွက်လာတယ်။ ဆည်၀က ဗျိုင်းအဖြစ် အန်ဆယ်လော့တီရဲ့ ရီးယဲလ်က ကောက်စားဖို့ အသင့်ထိုင်စောင့်နေတာပေါ့။   မာနေးကိ...